29.3 MB ရှိပါတယ်... ပေါ့ပေါ့ပါးပါး အပျင်းပြေ ဖဲကစားလို့၇အောင်တင်ထားပေးလိုက်ပါတယ်...
အောက်တွင်ဒေါင်းလုဒ်လုပ်နိုင်ပါတယ်
here from magaupload
(သို့)
here from rapidshare
(သို့)
here from zshare
သန်လျင်တံတား
သန်လျင်တံတားကို၁၉၈၅ ခုနှစ်စတင်ပြီး တ၇ုတ်ပြည်သူ့ သမ္မတနိုင်ငံကနေတည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်
ကိုသြဒိနိတ်မျဉ်း…..16°47′29″N 96°13′57″E…..ဒီဇိုင်း Truss Bridge ဖြစ်ပြီး ၁၉၉၃ ခုနှစ် ဇူလိုင်လ ၃၁ရက်နေ့တွင်စတင်ဖွင့်လှစ်ခဲ့ပါတယ်..တံတားကြီး၏ အလယ်လမ်းကြောင်းတွင် မီးရထားလမ်းပါ၇ှိပြီးဘေး တစ်လက်တစ်ချက်စီတွင် ကားလမ်းများနှင့်လူသွားလမ်းပါများ ပါ၇ှိပါသည်။အမှတ်(၁)သန်လျင်တံတား၏အကျယ်မှာ ၁ ကီလိုမီတာ ကျယ်ပြီး တံတားကြီးရဲ့အရှည်မှာ၄၂ကီလိုမီတာ ၇ှည်ပါသည်။သန်လျင်တံတားဟာ ပဲခူးမြစ်ကိုဖြတ်သန်းဆောက်လုပ်ထားခြင်းဖြစ် ပါတယ်.သာကေတမြို့နယ် နှင့်သန်လျင်မြို့နယ်ကို ဆက်သွယ်ဆောက်လုပ်ထားတာဖြစ်ပါတယ်…. ရန်ကုန်မြို့ကနေအမှတ်(၆) အဝေးပြေးကားလမ်းအတိုင်း… အမှတ်(၁)သန်လျင်တံတားကြီးကို ဖြတ်ပြီးသီလ၀ါဆိပ်ကမ်း. သန်လျင်စက်မှု့ဇုံ
သယ်ယူပို့ဆောင်ရေး အဆင်ပြေချောမွေ့စေဖို့ ဖြစ်ပြီးစုစုပေါင်းအရှည်မှာ ၄၅၃၀ပေ(၁၃၈၀မီတာ) ..အနံ.၈၄ပေ(၂၆မီတာ) VerticalClearance၁၃၀ပေ (၄၀မီတာ) ဖြင့် တည်ဆောက်နေဆဲဖြစ်ပါသည်..
စက်ရုံ အလုပ်ရုံများ
သီလ၀ါတွင် မြန်မာနိုင်ငံ အပြည်ပြည် ဆိပ်ကမ်း(
သန်လျင် ဖန်ချက်စက်ရုံ(အမှတ်(၁) စက်မှုဝန်ကြီးဌါန)
သန်လျင် ရေနံချက်စက်ရုံ(စွမ်းအင်ဝန်ကြီးဌါန)
အထည်ချုပ်စက်ရုံများ(အစိုးရပိုင် နှင့် ပုဂ္ဂလ္ကိ ပိုင်များ)
ခဲမဖြူ နှင့် အဖြိုက်နက် စက်ရုံ (သတ္တုတွင်းဝန်ကြီးဌါန)
သံမဏိ စက်ရုံ နှင့်အခြား အသေးစား စက်မှု့ လက်မှု့လုပ်ငန်းများ တည်ရှိပါသည်။
ပညာသင်ကြားေ၇းအတွက်
မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ် (
ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ် (The
သန်လျင် စက်မှု့ နည်းပညာတက္ကသိုလ် (Technological University,Thanlyin )
သန်လျင် သမ၀ါယမ ကောလိပ်..အခြေခံပညာအထက်တန်းကျောင်း (၄)ကျောင်း. အလယ်တန်းကျောင်းများ
မူလတန်းကျောင်းများ တည်ရှိပါသည်….
စေတီပုထိုးများ - ကျွန်တော်တို့ ၏ မွေး၇ပ်မြေဖြစ်သော သန်လျင်မြို့ ဦး အ၀င်တွင် သမိုင်းဝင်ရှင်မွှေးလွန်း နှင့် မင်းနန္ဒာ စေတီ(လွမ်းစေတီ) ကိုစတင်ဖူးမြင်ရမှာဖြစ်ပြီးအမှတ်(၁)သန်လျင်တံတားကနေ မိနစ် ၂၀ ခန့် ကားစီးပြီးလာလျှင် သန်လျင်-ကျောင်တန်းကားလမ်း၏ ညာလက်ကုန်းပြင်မြင့်တွင် သမိုင်းဝင်ကျိုက်ခေါက်ဘု၇ား ကို ဖူးမျှော်ခွင့်ရမှာ ဖြစ်ပါတယ်…ဘုရားကြီး၏ ပတ်ဝန်းကျင်အနီးနားတွင်လည်း ၀န်ကြီးပဒေသရာဇာအုတ်ဂူ..နတ်ရှင်နောင် အုတ်ဂူများလေ့လာတွေ့ရှိ၇မှာဖြစ်ပါတယ်…….ကျိုက်ခေါက်ဘုရား ရင်ပြင်တော်ကနေ ရန်ကုန်မြို့တွင် ကိုးကွယ်တည်ထားသော မြတ်ရွှေ တိဂုံ စေတီတော်ကို လည်း မြင်တွေ့ ဖူးမျှော် ကာ ပဲခူးမြစ်၏ အလှအပ .
သန်လျင်မြို့ရဲ့ အလှအပ သဘာဝရှူ့ခင်းများ မြစ်ချောင်းများ နှင့် ပင်လယ်ဝ ကို လည်း တွေမြင့်၇မှာဖြစ်ပါတယ်..သန်လျင်မြို့တွင် အခြား စေတီပုထိုးများ နှင့် ဘုရား ဆင်းတုတော်များကို တည်ဆောက် ကိုးကွယ်ထားတာကို ဖူးမျှော်နိုင်မှာဖြစ်ပါတယ်….
ရာသီတွေအလီလီပြောင်းခဲ့ပေမယ့်
သားတို့ရဲ့ စိတ်ထဲမှာ
မေမေ……..
သားတို့ထွက်ခွါလာခဲ့ရပေမယ့်
သားတို့ရဲ့ ရင်ထဲမှာ အစဉ်အမြဲ
မေမေ့ရဲ့ဒေသ ကျေးရွာလေးလောက်မပျော်ဘူး….
မြို့ပြရဲ့ နေရောင်ခြည်ကလေ
မေမေ ရင်ခွင်လောက်မနွေးထွေးဘူး……..
မေမေ အိမ်လေးလောက် မလုံခြူံဘူး…..
ဘယ်အစား အစာတွေ ဘယ်လောက်ကောင်းကောင်း
မေမေ ချက်တဲ့ ထမင်းနှင့်ဟင်း လောက်မမြိန်ဘူး……
လမ်းပြမီးတွေ ဘယ်နှစ်စင်းလင်းနေပါသော်လည်း
မေမေ့ ရဲ့ လမ်းပြမှုတွေတာမရှိခဲ့ရင် သားတို့ ရဲ့
အနာဂတ်ဘ၀လေးဟာ ပကတိမည်းမှောင်နေမှာပါ…….
အမှာစကားလေးတွေ
သွန်သင်ဆုံးမမှုလေးတွေကို
သား အမြဲကြားယောင်နေပြီး
လောကဓံ မုန်တိုင်းကြား
ဘ၀ဆိုတဲ့ ခရီးလမ်းကို
အားမာန်အပြည့် ဖြင့်
ဖြတ်ကျော် လျှောက်လှမ်းနေဆဲပါ မေမေ…
သားတို့ ရဲ့ ဘ၀လေးကို လမ်းမှန်ရောက်အောင်
သွန်သင် ဆုံးမ ပြုစု ပျိုးထောင်
ပညာတွေ သင်ကြားပေးခဲ့သော
မွေးသမိခင် ကျေးဇူးရှင်
မေမေ ကို ကန်တော့လျှက်…….
ချစ်တဲ့သားလေး
© Free Blogger Templates Nightingale by Ourblogtemplates.com 2008
Back to TOP
0 ယောက်ကဝေဖန်သွားတယ်။:
Post a Comment