ကောင်မလေး သိပါစေ
Monday, August 25, 2008
ကြယ်တွေစုံသော ညချမ်းမှာ ကောင်းကင်ယံဆီ မျှော်ငေးရင်းအတွေးတွေ ဟာ
ချစ်သောသူဆီ ရောက်နေခဲ့တယ်……
ကန်တော်အင်းလေးကိုလေ ချစ်သူလေး နှင့် အတူ ပျော်ရွှင်စွာ
အလည်တစ်ခေါက် ရောက်ချင်ပါသေးတယ်…..
ဟိုးအဝေးဆီ က အပြာရောင်ရှမ်းတောင်တန်း တစ်ဖက်မှာ
ချစ်သောသူရှိနေမလား………
လင်းလက်ကြယ်ရောင် လှပတောင်တန်းများကြားမှာ ချစ်သူ
ရှိတဲ့ အရပ် မျှော်မှန်းရခက်လိုက်တာ……..
ကိုယ်လေ စဉ်းစား အတွေးတွေလည်း ပတ်ချာလည်
ချစ်သူ နှလုံးသားလွင်ပြင်ဆ်ီသို့ မှန်းဆလို ………..
လေပြည်နှင့်အတူ ရင်ထဲ အလွမ်း စာစီတမ်းလို
ပို့သလိုက်မယ် ကောင်မလေး သိပါစေ....
0 ယောက်ကဝေဖန်သွားတယ်။:
Post a Comment